အင်ဂျင်အတွက် . . . သူက အသက်

November 7, 2024 - TIPS - BY ADMIN

tips_news_image not found

လူ တစ်ယောက် ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် အစားအသောက်ဟာ အဓိက အရေးကြီးတဲ့ အခန်းကဏ္ဏမှာ ပါဝင်နေပါတယ်။ ပြီးတော့ ဒီလို စားသောက်တဲ့နေရာမှာလဲ အစားအသောက်အမျိုးအစားနဲ့ အချိုးအစားမှန်ကန်စွာ စနစ်တကျ စားပေးဖို့ဆိုတာ အရေးကြီးတဲ့အချက်ဆိုတာ အားလုံးအသိပါ။။

ဒီလိုပါပဲ သင်ဝယ်ထားတဲ့ကား သို့မဟုတ် သင် မောင်းနေတဲ့ကားရဲ့ ရေရှည်တည်တံ့ဖို့၊ သက်တမ်းပြည့်ဝစွာ အသုံးပြုနိုင်စွမ်းရှိဖို့ ဆိုတာကလဲ သင် အသုံးပြုနေတဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်နိုင်ဖို့နဲ့ အချိုးအစားမှန်ကန်စွာ ထည့်ပေးနိုင်ဖို့က အဓိကကျနေပါတယ်။

ဒီလို ထည့်ပေးနိုင်ဖို့အတွက်ကလဲ ပထမဦးစွာ သင်နားလည်နိုင်ဖို့ လိုအပ်တာကတော့ –
• အင်ဂျင်တစ်ခုမှာ အင်ဂျင်ဝိုင်ကို ဘာအတွက် အသုံးပြုသင့်သလဲ?
• နောက် ဒီလိုအသုံးပြုခြင်းအားဖြင့် အင်ဂျင်အပေါ် မည်သို့ အကျိုးသက်ရောက်မှု ရှိစေနိုင်သလဲ?
ဆိုတဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပို့စ်လေးမှာ သင့်အတွက် ဗဟုသုတဖြစ်ဖွယ်ရာ “အင်ဂျင်ဝိုင်နှင့် ၎င်းးရဲ့ ဖြည့်စွက်ပစ္စည်းများရဲ့ ဂုဏ်သတ္တိများ” ဆိုတဲ့ အချက်အလက်များကို တင်ပြလိုက်ပါတယ်။

အင်ဂျင် ဘာကြောင့်ပျက်

တကယ်တော့ အင်ဂျင်ရဲ့ အတွင်းပိုင်းရှိ အစိပ်အပိုင်းများသည် သတ္ထုအစိပ်အပိုင်းများဖြစ်ရုံသာမက
အတူတကွ အလုပ်လုပ်စဉ်အတွင်း အချင်းချင်း ပွတ်တိုက်မှုများရှိနိုင်တာကြောင့် ဘေးထွက်ဆိုးကျိုးများလဲ ဖြစ်ပေါ်လာနိုင်ပါတယ်။

အဲဒါတွေကတော့ –
• ပွတ်တိုက်မှုကြောင့် အစိပ်အပိုင်းများ ပျက်စီးလွယ်ခြင်း
• အပူရှိန်မြင့်မားမှုဖြစ်ပေါ်လာပြီး အစိပ်အပိုင်းများအား အချိန်မတိုင်ခင် ပျက်စီးစေနိုင်ခြင်းစတဲ့ အချက်များဖြစ်ပါတယ်။

ဘာကြောင့် အင်ဂျင်ဝိုင်လိုသလဲ ?

တကယ်တော့ ဒါဟာ ရေလွှာလျှောစီးတဲ့ အဖြစ်အပျက်နဲ့ အတော့ကို ဆင်တူနေပါတယ်။
ရေရဲ့ ပေါလောပေါ်နိုင်သည့် ဂုဏ်သတ္တိကို အသုံးချ၍ သင့်အနေနဲ့ လှိုင်းများကို လွယ်ကူစွာ ကျော်လွှားတဲ့ အဖြစ်အပျက်လိုပါပဲ။

သင့် အင်ဂျင်အတွင်း ချောဆီရှိနေခြင်းကလဲ ဒီ နိယာမနဲ့ အတော်လေး ဆင်တူပါတယ်။ ချောဆီသည် အင်ဂျင်အတွင်းပိုင်းရှိ ရွေ့လျားအစိပ်အပိုင်းများရဲ့ ပွတ်တိုက်မှုရဲ့ သက်ရောက်မှုကို လျော့ချရန် ကူညီပေးပါတယ်။ ရလဒ်အနေနဲ့တော့ သူတို့သည် ပို၍ နှေးကွေးသွားပြီး အပူရှိန် မြှင့်တက်မှုကို တားဆီးပေးပါတယ်။

တနည်းဆိုရသော် ဆီသည် ပွတ်တိုက်မှုရဲ့ ပမာဏကို လျော့နည်းစေပါသည်။ ဒါဟာလည်း အင်ဂျင်၏စွမ်းဆောင်ရည်ကို တိုးတက်စေခြင်းနှင့် လောင်စာသုံးစွဲမှုကိုလည်း လျော့ကျလာစေပါသည်။


ဒါတင်ပဲလား မဟုတ်သေးပါဘူး။ ဒီလိုချောဆီတွေကြောင့် သင့်ရဲ့ အင်ဂျင် အတွင်းပိုင်းတိုက်စားပြီး ပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ သင့်အင်ဂျင်အတွင်းရှိ အပူရှိန်မြှင့်တက်မှုကို လျော့ကျစေရန် ကူညီပေးပါသေးတယ်။
တချိန်တည်းမှာ သင့်အင်ဂျင်အတွင်းပိုင်း အစိပ်အပိုင်းများပေါ်ရှိ တွယ်ငြိလာနိုင်သော ဖုန်မှုန့်၊ အညစ်အကြေးများကိုပါ ဖယ်ရှားပြီးဖြစ်တာကြေင့် သင့်အင်ဂျင်ရဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပေးနိုင်ပါသည်။


ဒီလို lubricant များတွင် သာမန်အားဖြင့် အခြေခံ ချောဆီ ၇၀% နှင့်အတူ ဆီရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေသည့် အခြားသော ပေါင်းစပ်ပစ္စည်း ၃၀% ပါဝင်နေပါသည်။
အဲဒါတွေကတော့ –

  • antioxidant additives အင်တီအောက်ဆီဒန့် (အပူရှိန်ခံနိုင်သည့် အစွမ်းသတ္တှိရှိတာကြောင့် မကြာခဏ ဆီလျော့ကျခြင်းကို နည်းပါးအောင် ကူညီပေးနိုင်ပါသည်။)

အခြားသော ပေါင်းစပ်မှုတွေကလဲ ဆီရဲ့ ဂုဏ်သတ္တိကို ထိန်းသိမ်းပေးနိုင်ပါသည်။

  • The detergent additives ( အင်ဂျင်ရဲ့ သန့်ရှင်းမှု့ကို ထိန်းသိမ်းပေးနိုင်ခြင်းကြောင့် အင်ဂျင်ရဲ့ lifetime ကို မြှင့်တင်ပေးနိုင်ပါသည်။)
  • The anti-foaming additives (ဆီပိုက်များအတွင်း အမြုပ်များထွက်၍ ခြောက်သွေ့ခြင်းမှာ ကာကွယ်ပေးခြင်း)
  • The cold temperature additives (နိမ့်ပါးတဲ့ အပူချိန်အတွင်းမှာတောင် အင်ဂျင်ကိုလျင်မြန်စွာ စတင်နိုင်ရန် လိုအပ်သော အင်ဂျင်ဝိုင်အရည်ကို ဆက်လက်ထိန်းသိမ်းပေးထားနိုင်ပါသည်။)
  • The anti-wear additives (အင်ဂျင်အစိပ်အပိုင်းများ ပွတ်တိုက်မှုဖြစ်နိုင်သည့် မျက်နှာပြင်တွင် ကြားခံပေးထားတာကြောင့် အင်ဂျင်ရဲ့ သက်တမ်းကို ထိန်းသိမ်းပေးထားနိုင်သည်။)
  • The extreme-pressure additives ( ဒီလို ပွတ်တိုက်မှုကို ကာကွယ်ပေးထားခြင်းကြောင်း အင်ဂျင်အတွင်း အလွန်အမင်းဖြစ်လာနိုင်တဲ့ ဖိအားကို ခံနိုင်ရည်ရှိစေပါသည်။)

နောက်ဆုံးအနေနဲ့ –
the anti-corrosion additives ( ဒါကြောင့် သံချေးတက်ခြင်ကို ကာကွယ်ပေးထားနိုင်တာကြောင့် အင်ဂျင်ကို အမြဲတမ်း နုပျိုစေပါတယ်။)
ကဲ ဒါဆိုရင်တော့ ချောဆိနှင့် ပါဝင်သော ဖြည့်စွက်မှုတို့ရဲ့ ကဏ္ဏအကြောင်း စုံလင်စွာနားလည် သဘောပေါက်နိုင်ပြီလို့ ထင်ပါတယ်။

မှန်ကန်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားများကို ရွေးချယ်နိုင်ကြပါစေ။


LEAVE A REPPLY